ရွှေတောင် မြို့နယ်၌ ပန်းချီပြိုင်ပွဲ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၈

အနာဂတ်လူငယ်လူရွယ်လေးများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ  (၁၇)ဦး ပါဝင်ခဲ့ကြပြီး အကောင်းဆုံးရေးဆွဲနိုင်သူ (၃)ဦးအား (ပထမ၊ ဒုတိယ၊ တတိယ) ရွေးချယ်ပြီး ဆုများ ချီးမြှင့်ခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် မျိုးဆက်သစ်လူငယ်လေးများ၏ အသိပညာ ဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်ငှားရမ်းခြင်း၊ ပန်းချီပြိုင်ပွဲအပြင် စက္ကူခေါက်ခြင်း၊ ပုံပြင်ပြောပြိုင်ခြင်း၊ ကဗျာရွက်ဆိုခြင်း၊ ပုံပြင်ပြောပြိုင်ခြင်းနှင့် ဆေးရောင်ခြည်ခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း