အိမ်မဲမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

အိမ်မဲ   ဒီဇင်ဘာ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် များငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် အိမ်မဲမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ သုတ၊ ရသ၊ ဝတ္တုနှင့် မဂ္ဂဇင်းများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ၊ ပြန်/ဆက်)