ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသူ (၁၀၁၅၀)ဦးခန့်ရှိ

ငွေဆောင်     ဒီဇင်ဘာ     ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့တွင် ငွေဆောင်မြို့ဦးဓမ္မာရုံတွင် ဆက်လက်ထိုးနှံခဲ့သည်။ ထို့သို့ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးစီး၍ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငွေဆောင်ပရဟိတလူငယ်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့အထိ (၁၀၁၅၀) ဦးအား ပထမအကြိမ်နှင့် (၇၅၄၆) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မူမူ (ငွေဆောင်)