အုတ်တွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံဖျာချော ရက်လုပ်ခြင်း သင် တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု()လ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံဖျာချော ရက်လုပ်ခြင်း သင်တန်းအမှတ်စဉ် (/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က ဘုရားကလေး ကျေးရွာအုပ်စု၊ ခင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် တောင်ငူခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်း ထူးချွန်ဆုရရှိသူ မနီလာအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သင်တန်းထူးချွန်ဆုများ ပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းကာလ (၁၅)ရက်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)