မဘိမ်း ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရွှေဝါမြေဘက်စုံသုံးခန်းမသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်က လဝါကျေးရွာ၊ ရွှေဝါမြေဘက်စုံသုံး ခန်းမသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ရွှေဝါမြေဘက်စုံသုံးခန်းမအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ထက်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကိုကိုအေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ကျေးရွာလူထုဗဟိုပြုဥက္ကဋ္ဌ ဦးအောင်သန်းဌေးနှင့် ရပ်မိရပ်ဖ ဦးလှကျော်ခင်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ရွှေဝါမြေဘက်စုံသုံးခန်းမအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (လူထုဗဟိုပြုစီမံကိန်း)မှ ရန်ပုံငွေကျပ် ၂၄၇ဝဝဝဝဝ နှင့် ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် ၁ဝ၅၄၈ဝဝဝ၊ စုစုပေါင်းငွေကျပ် ၃၅၂၄၈ဝဝဝ ဖြင့် ဆောက်လုပ်ခဲ့ကာ ရွှေဝါမြေဘက်စုံသုံးခန်းမ သစ်မှာ အလျား ၉၆ ပေ၊ အနံ ၃၆ ပေနှင့် အမြင့် ၁၄ ပေရှိ တစ်ထပ်အုတ်ညှပ် အဆောက်အအုံသစ် ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)