သတင်းများ

မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာတွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Dec 22,2021
ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉  (ဒုတိယ အကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းခန်းမ တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေန့နံနက် (၇:၃၀)မှစတင်ပြီး ပုသိမ်မြို့ အမှတ်(၅)အ.ထ.က ကျောင်းနှင့် အ.ထ.က.(၁) ကျောင်းများတွင် အားကစား ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ အားကစားလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြကြောင်း သိရသည်။
စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်   တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၇ /၂၀၂၁) အစည်းအဝေးသို့တက်ရောက်
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇ /၂၀၂၁)အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး/အဘွားများ၏ ကျန်းမာရေးအခြေအနေများအား ကြည့်ရှု
Dec 21,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် (၉) နာရီအချိန် က မကွေးမြို့၊ ဖန်ခါးမြေဘိုးဘွားရိပ်သာရှိ အဘိုး/အဘွားများ၏ ကျန်းမာရေး အခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေး
Dec 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့နံနက်ပိုင်း က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် VDP စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Dec 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့သည်။