ကံမ ဖေဖေါ်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထဖြစ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၈ နာရီက မြို့လယ်လူစည်ကားရာ နေရာများ၌ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ဈေးရောင်းဈေးဝယ်ပြည်သူများ၊အကြောင်းအမျိုးမျိုးဖြင့် မြို့တွင်းမြို့ပြင် သွားလာနေသူများအား စနစ်တကျတပ်ဆင်ကြရန် ပညာပေးစည်းရုံးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)