သတင်းများ

နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်း (၃၆၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပြီးစီး
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) နှစ်ကြိမ်ထိုးနှံပြီးသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose စတင်ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီလ(၉)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်း (၃၆၀) ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ညန်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 17,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ညန်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါ အဆောက် အဦ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မြေဂရန်လျောက်ထားမှုများအား ကွင်းဆင်း စစ်ဆေး
Feb 17,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာတို့ရှိ ပြည်သူအချို့၏ သာသနာ့ဂရန်၊ မြေငှားဂရန်လျောက်ထားမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ(၈၀၆)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ(၅၆၇)ဦးနှင့် ပြင်ပဖြေဆိုရန်(၂၃၉)ဦး၊ စုစုပေါင်း(၈၀၆)ဦးသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးခြင်းဆောင်ရွက်
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း များနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း
Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။
ကျောက်ဆည်မြို့တွင် Daedong စက်ကိရိယာထွန်စက်ငွေများနှင့် EXIM Bank ငွေများ စနစ်တကျ ပေးသွင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းဌေး၊ ကျောက်ဆည်မြို့ နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၀)နာရီက
ဒိုက်ဦးမြို့နယ်၌ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်  
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်​ပြီး Mask Campaign ကို ယနေ့နံနက်ပိုင်းက မြို့အဝင်လမ်း၌ အသိပညာပေး၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။