သတင်းများ

သီပေါမြို့နယ်တွင် အခြေခံရှေးဦးသူနာ ပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  အခြေခံရှေးဦးသူနာ ပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ ”အိုမီခရွန်” ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 09,2021
ရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါပိုး ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးနှိုးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းဆောင်ရွက်
Dec 09,2021
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာ​ပေး ဟော​ပြောပွဲ၊ သရုပ် ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစား အသိပညာ​ပေး​ ဟော​ပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ပွဲကို ယ​မန်နေ့ နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့တွင် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများအား အရေးယူမှုလုပ်ငန်းများ မြို့အနှံ့ ဆက်လက်ဆောင်ရွက်
Dec 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြီးကြပ်ကာ ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများအား မိုဘိုင်းအသွင် သဏ္ဍန်ဖြင့် အရေးယူမှု လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့အနှံ့လှည့်လည် ကြပ်မတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် နနွင်း၊ ရော်ဘာ၊ ကျွန်းနှင့် အခြား သစ်မာများ ရောနှောစမ်းသပ်စိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်း
Dec 09,2021
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နနွင်းကို နှစ်စဉ်တိုးချဲ့စိုက်ပျိုး လာလျက်ရှိရာ နနွင်းတူးဖော်ရောင်းချပြီးနောက် မိုးရာသီတွင် နှစ်ရှည်သီးနှံပင် များကိုပြန်လည် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနCommunity Centre ၌ စာဖတ်ဝိုင်းကျင်းပ
Dec 09,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်း အဆင့်စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးပုံပြင် စာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကလေးငယ်များ အတွက် ပျော်ရွှင်စရာ ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ် မြတ်နိုးသူများ အသင်း(Book Club)၊မြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။