သတင်းများ

ဘိုကလေးမြို့နယ်တွင် ကုန်အညွှန်းအမှတ်တံဆိပ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 09,2021
ဘေးအန္တရာယ်ရှိသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ၊ တားမြစ်ထုတ်ကုန်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ် တံဆိပ်ဆိုင်ရာ အသိပညာပေးTalk Showအား ယနေ့နံနက်(၁၁)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပ ဆောင်ရွက်သည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင် လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌အိမ်တွင်း လက်မှုပညာ သင်တန်းကျင်းပ
Dec 09,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပ​သော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်​စေရန်နှင့် အမျိုးသမီးလူငယ်၊ လူရွယ်များအိမ်တွင်းမှု အတတ်ပညာ များ ကျွမ်းကျင်စွာ တတ်​မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှု လုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိ​စေရန်အတွက် ယ​နေ့နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ ကျင်းပရာ၌မြို့နယ်အတွင်းရှိ စိတ်ဝင်စားသူ အမျိုးသမီးငယ်များအား သင်ကြား​ပေးလျက်ရှိသည်။
ကျိန္တလီမြို့၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအား လျော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Dec 09,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပုန်းညက်ကျေးရွာတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုအား လျော့ချနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာအချိန်၌ မြို့ငါးလုပ်ငန်းဦးစီးဌာနနှင့် ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ် ကြောင်း သိရသည်။
ပွင့်လင်းရာသီကာလ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးကြိုတက်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Dec 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲကို ဒီဇင်ဘာ ၈ ရက် ၊ ညနေ ၃ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးကြီးတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနား ကျင်းပ
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက(၁) ဓနုဖြူ ၊ တေဇခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဥာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီး
Dec 09,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်သွားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်သည့် အလျား ၁၃၇ ပေ၊ အနံ ၃၂ ပေရှိ အာရ်စီနှစ်ထပ် ကျောင်းသားကျောင်းသူအိပ်ဆောင် အဆောက်အအုံသစ်မှာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး သွားပြီဖြစ်ကြောင်း အဆိုပါ အဆောက်အအုံအား တာဝန်ယူတည်ဆောက်သည့် Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်း ထံမှ သိရသည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်
Dec 09,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ရိုက်ကူးခြင်းဆောင်ရွက်ခဲ့သည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုများအလိုက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။