သဲကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာ​ပေး ဟော​ပြောပွဲ၊ သရုပ် ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်

သဲကုန်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစား အသိပညာ​ပေး​ ဟော​ပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ပွဲကို ယ​မန်နေ့ နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ​ပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီး ဌာနမှ နည်းစနစ်မှူး ဦးကျော်ဝင်းက အားကစားဆိုင်ရာ သိ​ကောင်းစရာများ​ ဟော​ပြော​ပေးခဲ့သည်။​ ထို့​နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ဝန်ထမ်းများမှ သရုပ်ပြသခဲ့ပြီး​ ကျောင်းအုပ်ဆရာကြီးနှင့်​ကျောင်းသား/သူများကို အားကစားပစ္စည်းများအား တာဝန်ရှိသူများက​​​ ထောက်ပံ့​ပေးအပ်ခဲ့သည်။

အဆိုပါ​ ထောက်ပံ့​ပေးအပ်ပွဲကို​ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ​၊​ကျောင်းအုပ် ကြီးနှင့် ဆရာ/မများ၊​ ကျောင်းသား/သူများ တက်​ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်​ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)