လိပ်သိုဒေသတွင် နနွင်း၊ ရော်ဘာ၊ ကျွန်းနှင့် အခြား သစ်မာများ ရောနှောစမ်းသပ်စိုက်ပျိုးခြင်း အောင်မြင်ဖြစ်ထွန်း

လိပ်သို   ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ  ဒေသခံများမှာ နနွင်းကို နှစ်စဉ်တိုးချဲ့စိုက်ပျိုး လာလျက်ရှိရာ  နနွင်းတူးဖော်ရောင်းချပြီးနောက်  မိုးရာသီတွင် နှစ်ရှည်သီးနှံပင် များကိုပြန်လည် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင်  နှစ်ရှည်သီးနှံပင်များ  အချိန်စော၍သက်တမ်းရရှိရန်ရည်ရွယ်ပြီး  နနွင်းတစ်မျိုးတည်းကို သာ သီးသန့်စိုက်ပျိုး ခြင်းမပြုတော့ပဲ   တောင်ယာခုတ်ထွင် မီးရှို့ရှင်းလင်းပြီးလျှင်   နနွင်း၊  ရော်ဘာ၊ ကျွန်းနှင့်  အခြားသစ်မာများကိုလည်း တစ်ပြိုင်တည်းရောနှော  စမ်းသပ်စိုက်ပျိုးခဲ့ရာ  အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း  သိရသည်။

ထိုသို့ တစ်ချိန်တည်း  ရောနှောစိုက်ပျိုးခြင်း  ကြောင့်  အချိန်ကုန်သက်သာပြီး  နနွင်း  ကို၂-နှစ်မှ ၅-နှစ်  အထိ  စမ်းသပ်စိုက်ပျိုးရန်  ရည်ရွယ်ထားပြီး   ကျန်နှစ်များတွင်  ရော်ဘာနှင့်  သစ်မျာအား   ပြုစုစောင့် ရှောက် သွားမည်ဖြစ် ကြောင်း  တောင်သူ  စောဂိုးလ်ဘတ် ထံမှ သိရသည်။

မြို့(ပြန်/ဆက်)