တောင်ကုတ် ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်း အဆင့်စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးပုံပြင် စာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးလွင်က လူငယ်အသိပညာမြင့်မားဖို့စာကြည့်တိုက်သို့ လာရောက်ကြရန်မှာကြားပြီး ကလေး အလုပ် သမားပပျောက်ရေးအား ရှင်းလင်းပြောကြားကာ စာပေမြတ်နိုးသူလူငယ်များကသိရှိလိုသည်များအား မေးမြန်းရာ စာကြည့်တိုက်မှူးဒေါ်ဌေးဌေးလွင်က ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာစာပေ မြတ်နိုးသူများကပုံပြင်စာ အုပ်ဖတ်ရှုကြပြီးမှတ်မိသမျှပြန်လည်ဆွေးနွေးကာစာကြည့်တိုက်မှူး ဒေါ်ဌေးဌေးလွင်က ပုံပြင်ပါအကြောင်းအရာများအားပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
စန်းဝင်း(မြို့နယ်ပြန်/ဆက်)