သတင်းများ

မိုးမိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ် ၁၉ ရောဂါပိုး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)  မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာရှိ ကျေးလက်နေပြည်သူများ အား  ကျန်းမာရေးဆိုင်ရာအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းများကို  ယမန် နေ့က မိုးဘုံကျေးရွာ  ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် မုန်ညှင်းထုပ်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု၀င်ငွေပိုမိုရရှိ
Dec 09,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသခံပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံး နိုင်သော သီးနှံထဲ တွင် တစ်မျိုးအပါအ၀င်ဖြစ်တဲ့ မုန်ညှင်းထုပ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစု အပို၀င်ငွေများ ရရှိကြောင်း သိရသည်။
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
Dec 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ် စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွာလာစေရန် အတွေးအခေါ် အသိအမြင်များ အချင်းချင်း ဖလှယ် တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်ဖြင့် ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခနာကျေးရွာနှင့် ကြာတောကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခနာကျေးရွာနှင့် ကြာတောကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကိုအသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
နမ့်ခမ်းမြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေထိန်းနံရံ ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မြေနံရံပြုလုပ်လုပ်ငန်းကို ယနေ့နံနက်ပိုင်း (၉) နာရီအချိန် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က တောပြားကျေးရွာအုပ်စု၊ ပန်း‌ဇင်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းနှင့် မီးလင်းရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏၂၀၂၀ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စု၊ သရက်ငူအောက်ကျေးရွာအဝင် လမ်းကွန်ကရစ် ဘီးခင်းခြင်းလုပ်ငန်းနှင့် အိမ်ယာကြီးကျေးရွာ အသေးစားဓာတ်အားပေးရေး စနစ်စီမံကိန်း(Mini Grid)ကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသ