ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကဝ ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခနာကျေးရွာနှင့် ကြာတောကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခနာကျေးရွာနှင့် ကြာတောကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွ နေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက   အသံချဲ့စက်ဖြင့်    လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးနှိုးဆော်ရာတွင်   လက်ရှိအခြေနေ၌    ကိုဗစ်-၁၉ ဗီဇပြောင်း    အိုမီခရွန်ရောဂါသည် အလွန် ပြင်းထန်ပြီး   မျိုးရိုးဗီဇပြောင်းလဲမှု  အများဆုံးနှင့်စိုးရိမ်ရသည့်  မျိုးကွဲသစ်ဖြစ်သည့်အတွက် ကဝမြို့နယ် အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်  အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်အတွင်းမှာသာ နေထိုင်ကြပါရန် လူစုလူဝေးကို ရှောင်ကြဉ်ကြရန် မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Maskတပ်ဆင် သွားလာကြရန် လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန် အခြားသူများနှင့် အနည်းဆုံး ၆ပေ အကွာမှ ခပ်ခွာခွာနေကြပါရန် Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊  စကားပြောဆိုခြင်းများ ‌ရှောင်ကြဉ် ကြပါရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ    ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ် ကိုင်တွယ် ခြင်း၊  ထိတွေ့ခြင်းများ  မပြုလုပ်ရန်    လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့၏ နေအိမ် များကို  ပြတင်းတံခါးများဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့်  ညွှန်ကြား ချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။