နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်း စည်း Mask များအခမဲ့ဖြန့်ဝေ
Dec 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအားအခမဲ့ဖြန့်ဝေပေးလျက် ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့လယ်မီးပွိုင့် လမ်းဆုံအနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင်Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။