ကျွန်းစု ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့က တောပြားကျေးရွာအုပ်စု၊ ပန်းဇင်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့်နိုင် ၃(က) (၆)ဦး၊ အသက်(၁၈) နှစ် ပြည့်နိုင် ၆(က) (၃၅)ဦး၊ လဲလှယ်(၇၉)ဦး၊ မိတ္တူ(၇၆)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့အား “ပန်းခင်း စီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်(၂၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
CTRA(Kyunsu)