ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းနှင့် မီးလင်းရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏၂၀၂၀ ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စု၊ သရက်ငူအောက်ကျေးရွာအဝင် လမ်းကွန်ကရစ် ဘီးခင်းခြင်းလုပ်ငန်းနှင့် အိမ်ယာကြီးကျေးရွာ အသေးစားဓာတ်အားပေးရေး စနစ်စီမံကိန်း(Mini Grid)ကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့တို့က ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင်၊ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၀၂၀၂၁ဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေကျပ်(၁၀)သန်းနှင့်ပြည်သူထည့်ဝင်ငွေကျပ်(၁)သန်းစုစုပေါင်းကျပ်(၁၁)သန်းဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စု၊ သရက်ငူအောက်ကျေးရွာအဝင်လမ်း ကွန်ကရစ် ဘီးခင်းခြင်း ၂(၁၂၀၀'×၂'×၆")ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ခရိုင်ဦးစီးမှူးဦးဇေယျာဇော်မျိုးတို့ကကြည့်ရှုစစ်ဆေးရာမြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းက ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည်အိမ်ယာကြီးကျေးရွာအုပ်စု၊ အိမ်ယာကြီးကျေးရွာ တွင် ZLT.Super Electrical CO.,Ltd  မှ တာဝန်ယူ‌ဆောင်ရွက်လျက်ရှိသော အသေးစားဓါတ်အား ပေးရေး စနစ်စီမံကိန်း(Mini Grid)ကိုကြည့်ရှုစစ်ဆေးရာကုမ္ပဏီတာဝန်ခံမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ စီမံကိန်းတွင်ဆိုလာ (109.44)KWpနှင့် အင်ဂျင်(140)KWကို  အသုံးပြုပြီးကျေးရွာရှိ နေအိမ် (၂၉၅)လုံး၊ ဘာသာရေးအဆောက်အဦ(၁)ခု၊စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း(၁)ခု၊ လမ်းမီး(၈၁)လုံးအားဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဌေးဌေးလှိုင်