သတင်းများ

ပခုက္ကူမြို့နယ်တွင် အသက်တစ်နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း (၃၂၄၄)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးစီး
Dec 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ အသက်(၂)လမှ (၁၈)လအအတွင်း တစ်နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁ရက်မှ စတင်ဆောင်ရွက်ကြရာ ယခုအခါ စုစုပေါင်း(၃၂၄၄)ဦး ထိုးနှံတိုက်ကျွေးပြီးစီးကြောင်း သိရသည်။
သီပေါမြို့နယ်တွင် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အလိုက် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် ဗီဇပြောင်း အိုမီခရွန် (omicron) အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် လိုက်နာရမည့် အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်၌ အသိပညာပေး လှည့်လှည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် စျေးရှေ့တွင် မီးဘေးပညာပေးပိုစတာ စိုက်ထူ
Dec 09,2021
ဧရာဝတီတိုင်း ဒေသကြီး ၊ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော် စျေးရှေ့တွင် ယနေ့နံနက်ပိုင်းက မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန မှ မီးဘေးပညာပေးပိုစတာ စိုက်ထူခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Dec 09,2021
နည်းပညာနှင့်အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေး ဒဏ်ခံဘက်စုံသုံးအဆောက်အဦတွင် ယနေ့နံနက်ပိုင်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်
Dec 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အိုမိခရွန်(Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။