ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၀
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ရာ ယာယီပိတ်သိမ်းထားသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနင့်အညီ ယနေ့အချိန်ထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု နိုင်ငံနှင့်အဝှမ်း မြို့အများအပြားတွင် မြင့်တက်ဖြစ်ပေါ်ခဲ့ရာ လူသူအသွားအလာ များပြားစုဝေးရာ နေရာတစ်ချို့မှ ကူးစက်ဖြစ်ပွားမှုသည် အဆိုးရွားဆုံး အခြေအနေတွင် ရှိသဖြင့် လူအများ စုဝေးရာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ချို့အား ယာယီပိတ်သိမ်းထားခဲ့ရာမှ ယခု အချိန်တွင် အတိုင်းအတာ တစ်ခုအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ် လာနိုင်ပြီဖြစ်သဖြင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဈေးများအား ပြန်လည်ဖွင့်လှစ်ပေးထားရာ စျေးရောင်းစျေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။
ယင်းသို့ ဖွင့်လှစ်ခွင့်ပြုပေးရာတွင် ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက် များကိုမှု ပေါ့လျော့မှုမရှိစေရေးနှင့် တိကျစွာလိုက်နာကြရန် တာဝန်ရှိအဖွဲ့အစည်းများက စဉ်ဆက်မပြတ်နှိုးဆော် အသိပေးကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)