ဒေးဒရဲ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ် မီးသတ်ဦးစီး ဌာနနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online ကတဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြောကြားခဲ့ပြီး မြို့နယ ်မီးသတ်ဦးစီးဌာနက လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်သက်ထားရွှေစင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ် အမျိုးအစားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြို့နယ်အတွင်း ရှာဖွေ ကယ်ဆယ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါက ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဒေးဒရဲမြို့နယ်ရုံးက ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အေဇာလင်း