သတင်းများ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Dec 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ နေ့လည် ၁၂ နာရီခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ ပဥ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု တီကျစ်မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ပဥ္စမသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် သိရသည်။
နောင်ချိုမြို့နယ်၌ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့  အလှူငွေနှင့် နေ့လယ်စာ အာဟာရ လှူဒါန်း
Dec 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ လူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နေ့လယ်စာ ဆွမ်းအာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် အရုပ်ဆက်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အရုပ်ဆက်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Dec 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ ခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိနှုန်း ကျဆင်းလာပြီဖြစ်၍ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
Dec 13,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယာယီပိတ်ထားခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနှုန်း ကျဆင်းလာပြီဖြစ်သည်အတွက် ယနေ့မှစ၍ အခြေခံပညာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်၊ အ-ထ-က၊ သကျက်တောကျောင်း၌ အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Sinovac)ကို ဆက်လက်ထိုးနှံ
Dec 13,2021
တနင်္သာရီတိုင်းဒေကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၁၀)နာရီအချိန်က လောင်းလုံးမြို့နယ် အ-ထ-က၊  သကျက်တော ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူ ၅၉၅ ဦးတို့အား Sinopharm ပထမအကြိမ် ထိုးနှံပေး
Dec 13,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံရန် ကျန်ရှိ‌နေသည့် ပြည်သူ ၅၉၅ ဦးတို့အား ပထမအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။