နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြည် သူ့စာကြည့်တိုက်တွင်ကျောင်းသား/သူများနှင့်ကလေး ငယ်များ အတွက် အသိပညာပေးဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ် များကို ရိုက်ကူး၍မြို့ နယ်ပြည်သူ့စာကြည့်တိုက် Page တွင်တင်ဆက် ပေးလျက်ရှိသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင်ကိုဗစ်- ၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်းစာကြည့် တိုက်သို့ မလာ ရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကျောင်းသား/သူများအတွက် ဗဟုသုတ ရရှိစေရန် နတ်မောက်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှသုတ၊ရသစာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်း အစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များ၊ စက္ကူအ ရုပ်ခေါက်ခြင်း အစီအစဥ်များနှင့်ကျန်းမာရေး ဆောင်းပါး မိတ်ဆက်ခြင်းအစီအစဥ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
လှဝင်း