စဉ့်ကိုင် ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သောအခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၁) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ရန်အောင်မြင်ရပ်ကွက် ရွှေကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က ကြက်ခြေနီအသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ အကြောင်းကို အဖွင့်အမှာစကားအဖြစ်ပြောကြားခဲ့သည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအသင်းခွဲဥက္ကဋ္ဌ ဦးညီညီကအခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်လင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အောက်ဆီ ဂျင်အိုးနှင့် သင်ထောက်ကူပစ္စည်းများအားထောက်ပံ့ပေးအပ်ခဲ့သည်။ သင်တန်း ဖွင့်ပွဲသို့မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းလွင်နှင့်ဌာန ဆိုင်ရာများ၊ ကျောက်ဆည်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီအဖွဲ့၀င်များ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
အခြေခံရှေးဦးပြုစုခြင်းသင်တန်းကာလမှာ (၁၁-၁၂-၂၀၂၁)ရက်နေ့မှ (၁၃-၁၂-၂၀၂၁)ရက်နေ့အထိ (၃)ရက် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ရာသင်တန်းသား/သင်တန်း သူ(၃၂)ဦးတက် ရောက်ခဲ့သည်။ သင်တန်း နည်းပြများအဖြစ်၊ ကျောက်ဆည်ခရိုင် ကြက်ခြေနီအုပ်ချုပ်ရေးအဖွဲ့ ဒုခရိုင်တပ်ဖွဲ့မှူးဒေါ်နွဲ့နွဲ့ထွေး စဉ့်ကိုင်မြို့ နယ် တပ်ဖွဲ့မှူး ဒေါ်နီနီ၊ ဒေါ်မြင့်မြင်စန်း(တပ်ခွဲမှူး) ၊ဒေါ်ဒါဒါလွင်(တပ်ခွဲမှူး) တံတားဦးမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်နိုင်လင်း တို့က စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)