သတင်းများ

ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီက ပုလောမြို့နယ် ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဆက်လက် ကွင်းဆင်း ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် အခြေခံရှေးဦးသူနာ ပြစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဆင်းပွဲ ပြုလုပ်ဆောင်ရွက်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာပြီးကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အခြေခံရှေးဦးသူနာပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 14,2021
ပုလောမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပ နိုင်ရေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့ စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 14,2021
ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီက ပုလောမြို့ စည်ပင်သာယာစျေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက် များအနှံ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက်ရှိ ကြောင်း သိရသည်။
မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး(Green Growth) သင်တန်းဖွင့်လှစ်
Dec 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး(Green Growth)အသိပညာပေးသင်တန်းကို ဒီဇင်ဘာလ ၁၂ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း  ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 14,2021
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း  ပန်းခင်းစီမံချက်  အသိပညာပေးခြင်းနှင့် လက်ကမ်းစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့  နံနက် ဆယ်နာရီခွဲအချိန်မှစတင်၍ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ခရိုင်ဦးစီးမှူး၊ ပြင်ဦးလွင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ်ဦးစီးမှူးရုံး ၊  မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် ဝန်ထမ်းများ  ပူးပေါင်းကာ  ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်း၊  မြို့အဝင်ကျောက်တောင်နှင့် မန္တလေး-လားရှိုး လမ်းမကြီး တစ်လျှောက်တို့တွင်   လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။