အမာ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားထားသည့် ကြီးပွါးချမ်းသာနည်းများစွာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း၊ ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး နော်လေးလီယန်က စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန် အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းမှ စာအုပ်စာစောင်ချစ်မြတ်နိုး သူများက စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ပါ အကြောင်းအရာများကို အပြန်အလှန် အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်နှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)