ကျိုက်မရော ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှမ်းရွာကြီးကျေးရွာတွင် ဆောင်းရာသီသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းလည်းရသဖြင့် သီးနှံစိုက်ပျိုးသူတောင်သူများ မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆောင်းရာသီသီးနှံများတွင် အဓိကစိုက်ပျိုးကြသည့်သီးနှံအများစုမှာ ငရုတ်သီးစိမ်း၊ခရမ်းသီး၊ပန်းဂေါ်ဖီထုပ်၊ မုန်ညင်းရွက်ပင်များဖြစ်ကြပြီး အဆိုပါသီးနှံများမှ ဒီဇင်ဘာလအတွင်း ရာသီဥတုအေးချိန်တွင် ပန်းဂေါ်ဖီထုပ်(ပန်းပွင့်)များကို အများဆုံး စိုက်ပျိုးထားကြပြီး ပန်းပွင့်ပေါ်ချိန်၌ ပေါဦးပေါ်ဖျား စျေးကောင်းလည်းရနေပြီး ပန်းဂေါ်ဖီထုပ် အပွင့်ကြီးတစ်ပွင့် လျှင် အကြီးအသေးခွဲ၍ အပွင့်ကြီးတစ်ပွင့်လျှင် ၁၃၀၀ကျပ်၊ အသေးတစ်ပွင့်လျှင်၈၀၀မှ ၁၀၀၀ိ/ကျပ်အထိစျေးရ၍ စိုက်ပျိူးသူတောင်သူများအဆင်ပြေကြသည်။
အပင်ကြီးထွားရန်မြေသြဇာကျွေး၊ မြောင်းပေးရပြီး ပိုးမွှားမကျစေရန် ပိုးသတ်ဆေးဖြန်း ပေးရကြောင်း၊ နှစ်ရက်ခြားရေလောင်းပေးလျှင် စိုက်ပြီးတစ်လအတွင်း လှပဖွံထွားသော ပန်းပွင့်အထုပ်ကြီးများကို ဆွတ်ခူး၍ ရောင်ချရကြောင်း၊ တစ်ကြိမ်ခူးလျှင် အပွင့်ပေါင်း တစ်ရာမှငါးဆယ်အတွင်း ခူးယူရကြောင်း ပန့်ဂေါ်ဖီပွင့်စိုက်ပျိုးသူ ဦးမျိုးမြင့်က ပြောသည်။ ပန်းပွင့်အပင်တန်းများအနီး၌ ငရုတ်သီးစိမ်းပင်များကိုလည်း သီးခြားစိုက်ပျိုးထားပြီး ငရုတ်စိမ်းသီးမှလည်း နေ့စဉ်ငွေရသဖြင့် မိသားစု အပိုဝင်ငွေရရှိကာ ယခုလိုကာလအတွင်း စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသူများ
များပြားလာကြကြောင်းဦးမျိုးမြင့်ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)