သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များ လစဉ် အသစ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားခြင်း ဆောင်ရွက်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်နှင့် နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန် နေ့မွန်းလွဲ (၃) နာရီအချိန်ခန့်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး နှိုးဆော်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာ ပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ် မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ရက်နေ့မှစ၍  မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာ များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး ကြောင်း သိရသည်။
မန်ကန်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ဒီဇင်ဘာ (၁၅)ရက်နေ့ နံနက် (၁၀) နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများဆောင်ရွက်
Dec 16,2021
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်း ပပျောက်ရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိရေးတို့အတွက် ဓာတ်အားလိုင်းတစ်လျှောက်ရှိ သစ်ပင်ခြုံ နွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ (33/11)KV၊ (10) MVA ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူး‌ ပေးထားသော (11) KV လက်ပံဇင်ဖီဒါ ဓာတ်အားလိုင်းတစ်လျက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) ရေးသားသည့်  “မြို့တော်သာယာရေးနှင့် အမှိုက် ပြဿနာ” ဆောင်းပါးအား  စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 16,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။