ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်

ဘုတ်ပြင်း   ဒီဇင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်‌ရေး၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ထောင်စုံမဟက် ကျေးရွာအုပ်စုရှိ ချောင်းတာစူးကျေးရွာသို့ လှည့်လည်၍ အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ  အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတွေ့ရှိမှု အရေ အတွက်မှာ လျော့နည်း သော်လည်း ရောဂါဖြစ်ပွားမှုကင်းစင်ပပျောက်မှု မရှိသေးကြောင်း စိစစ်တွေ့ ရှိရပြီး၊ ကမ္ဘာနိုင်ငံ အသီးသီးတွင်လည်း ကိုဗစ်-၁၉ ရောဂါမျိုးစိတ်သစ် အိမီခရွန် ရောဂါဖြစ်ပွားလျက် ရှိပါသည်။

ပြည်သူများ‌အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွါပါက (Mask) နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ လူတစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ နေထိုင်ခြင်းစသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ခရီးသွား လာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ကျန်းမာရေးဌာနအသိမှတ်ပြုလက်မှတ် တစ်ပါတည်း ယူဆောင်၍ ခရီးသွားလာကြ ရန်၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် လာရောက်ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)