သတင်းများ

ပုလောမြို့နယ် ၌ ပြည်သူများအား လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများ အသိပညာပေး ပိုစတာများ စိုက်ထူ
Dec 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ပြည်သူများကို လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်သည့် နည်းလမ်းများ အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို  ယမန်နေ့ နံနက်(၉)နာရီ အချိန်က ပုလောမြို့နယ်  လျှပ်စစ်မှူး ဦးကိုကို  ဦးစီး၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများနှင့် (PTC) ဖိုးသီးချိုလျှပ်စစ် ဝန်ဆောင်မှု ဝန်ထမ်းများ ပူးပေါင်းပြီး လူစည်ကားရာနေရာများ၌ လမ်းဆုံ၊ လမ်းခွများ၌  စိုက်ထူခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် အရသာထူးကဲသော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ဝယ်ယူစားသုံးသူ များပြား
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရသာထူးကဲသော မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေများကို ဆောင်းရာသီကာလတွင် ဝယ်ယူစားသုံးသူ များပြားနေတာကြောင့် မုန့်ခွက်ကြွက်(ခေါ်)မုန့်လေပွေ ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေနေကြကြောင်း သိရသည်။
ဟိုပန်၌ အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ​ကွင်းဆင်းဆောင်ရွက်ပေး
Dec 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်၊ လဝက ဝန်ထမ်းများမှ ပန်လုံလမ်းရပ်ကွက်ရှိ ကိုးကန့်စာသင်ကျောင်း၌ ယမန်နေ့က အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစာစစ်ဌာန(၃)ခုတွင်ကျောင်းသူ/သား(၃၃၃)ဦးဖြေဆိုမည်
Dec 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၃)ခုမှ အတွင်းဖြေနှင့်ပြင်ပဖြေ ကျောင်းသူ/သား(၃၃၃)ဦးတို့က ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာ ဦးစီးဌာတို့ ပူးပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် သည်။
မိုင်းဆတ်မြို့၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌  “ပန်းခင်းစီမံချက်” ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲပြုလုပ်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက နမ့်လောက်ကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
နောင်တရားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အားအသိပညာပေး ဆောင်ရွက်
Dec 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ယမန်နေ့နံနက်ပိုင်းတွင် အသိပညာပေးဆောင်ရွက်သည်။