သတင်းများ

လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း ပြောင်းဖူး (၁၀၀.၂) ဧက ပျက်စီး
Aug 07,2020
လေပြင်းတိုက်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်း တောင်သူ(၆၆)ဦး၏ ပြောင်းဖူး ဧက (၁၀၀.၂) ကို ယနေ့နံနက်ပိုင်းက ပျက်စီးသွားကြောင်း ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်(Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 07,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-4)သင်ရိုးသစ် မြို့နယ် အဆင့် Face to Face နောက်ဆက်တွဲ ဆင့်ပွားသင်တန်းကို လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့ နံနက် ၉ နာရီကစတင်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရှိရသည်။
ချောက်မြို့နယ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင်ကျေးရွာ‌များအား ရန်ပုံငွေများလွှဲပြောင်းပေးအပ်
Aug 07,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အ‌ထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင်ကျေးရွာ‌များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆောမြို့ မိုးကုတ်ရိပ်သာ Quarantine Centre ရှိ နေရပ်ပြန် ၅ ဦးအား ဓာတ်ခွဲနမူနာရယူ
Aug 07,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ မိုးကုတ်ရိပ်သာတွင် Quarantine ထားရှိသော ပြည်ပမှ နေရပ်ပြန် များအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ ဓာတ်ခွဲ အတည်ပြုနိုင်ရေးအတွက် ဆောမြို့နယ် ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းမှ ဒေါ်ထက်ထက်နွယ်ဦးနှင့် တာဝန်ရှိသူများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်ပေး
Aug 07,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ပိုင်ကျုံမြို့၌ 33/11KV-5MVA ခွဲရုံတည်ဆောက်မှုလုပ်ငန်း (၆၄ ဒသမ ၆၇) ရာခိုင်နှုန်းပြီးစီး
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် 33/11KV-5MVA ခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၆၄ဒသမ၆၇) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
နမ္မတူမြို့နယ်၊ နားကျဲကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး (RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျစိုက်ပျိုးဆောင်ရွက်
Aug 07,2020
နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါး (RS-CS) မျိုးစေ့ထုတ်စိုက်ခင်များ စနစ်တကျ စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။