ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးသူများပြား
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အုပ်ဖိုကျေးရွာ၊ လက်ပံကြီးတော၊ သရက်အိုက်၊ ဂွေ့ကြီး၊ ရှမ်းစုကျေးရွာနှင့် စိန်လည်ကျေးရွာများရှိ ဟင်းသီးဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲသီး) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး)၊ ဂန္ဓမာပန်း၊ မေမြို့ပန်းစိုက်ခင်းများတွင် ရေသွင်းစိုက်ပျိုးခြင်းအစား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးအသုံးပြုသူ များပြားလာကြသည်။