သတင်းများ

နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်လျက် ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Dec 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ကို ယနေ့ ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ပြသလျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အခြေခံစားသောက်ကုန် (၄)မျိုး ဆက်ကပ်လှူဒါန်း
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အ‌‌ခြေခံစားသောက်ကုန် (၄)မျိုး ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က ရွှေသင်္ဂဇာကျောင်းတွင် ကျင်းပပြုလုပ်သည်။
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Phase 5 ပထမအကြိမ် လူဦးရေ(၄၀၀၀)အား စတင်ထိုးနှံ
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများ တိုက်နယ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို လူဦးရေ(၄၀၀၀)အား ပထမအကြိမ် ထိုးနှံခြင်းကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ(၂၅)ရက်နေ့အထိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲဆောင်ရွက်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် နာယကများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်းပြုစုနေမှုအား ကြည့်ရှုစစ်ဆေး
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် နောင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့နေ့လည် ၁ နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့သွားရောက်စစ်ဆေးခဲ့သည်။
အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်၊ ထူးကြီးဒေသ၊ တစ်တီတူးကွင်းကျေးရွာအုပ်စု ငပြေမအင်းကျေးရွာအနီးရှိ ၂၀၂၁-၂၀၂၂ Mini ဘဏာရေးနှစ်အတွင်း တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖောက်ချောင်းတာကျိုးပေါက်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးအောင်ဆန်းဝင်း ဒုဦးစီးမှူး (မြို့ပြ)၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးနှိုးဆော်
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။