မြောင်းမြမြို့ ဒီဇင်ဘာ ၂၃
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် (၉:၀၀)နာရီတွင် မြောင်းမြမြို့နယ် ထုံးဘိုဗျိုင်းဖြူကျေးရွာအုပ်စု၊ ထုံးဘိုကျောင်းတိုက်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်တင်နုနှင့်ဝန်ထမ်းများက ထုံးဘိုဗျိုင်းဖြူကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများမှ အသက်(၁၆)နှစ်အောက် (၂၀)ဦး၊ အသက်(၁၆-၁၈)နှစ် (၁၅) ဦး၊ အသက်(၁၈)နှစ်အထက် (၂၀)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ ပြီး လဲလှယ် (၂၇)ဦး၊ မိတ္တူ(၈၈) စုစုပေါင်း (၁၇၆) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒေါ်စန္ဒာကြည်