မိုးနဲမြို့၌ ဆောင်းသီးနှံနေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုး ထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်ယေးကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးမျိုးအောင်က ပြောကြားသည်။