ကျုံပျော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြုင်ပွဲများကျင်းပ

ကျုံပျော် ဒီဇင်ဘာ ၂၃

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌‌ပျော်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများကို  ဒီဇင်ဘာ၂၁ ရက်နေ့မှစ၍သက်ဆိုင်ရာ ကျောင်းများအလိုက် ကျင်းပပေးလျှက်ရှိကြောင်း သိရသည်။

အားကစားပြိုင်ပွဲများတွင်  အာလူးကောက်ပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပူဖောင်း‌ဖောက် ပြိုင်ပွဲ၊  ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဂုန်နီအိတ်စွပ်ပြိုင်ပွဲများ ပါဝင်ပြီး ဆုရရှိ‌သော‌ ကျောင်းသား၊ကျောင်းသူများအား ဆုများ ထိုက်တန်စွာ ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျင်းပရခြင်းမှာ လူငယ်များလွတ်လပ်ရေး၏ အနှစ်သာရကို သိရှိစေရန်၊ ကျောင်းနေပျော်၍ ပညာ‌ရေးတွင် သာမကကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ နှစ်ဖြာလုံး ဖွံ့ဖြိုးစေရန်ရည် ရွယ်၍ အားကစားပြိုင်ပွဲများကို  ကျင်းပပြုလုပ်ရခြင်းကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)