သတင်းများ

ချောင်းဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းပေါင်းစုံ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စာအုပ်စာစောင်ပြပွဲပြိုင်ပွဲများကျင်းပ
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကျောင်းပေါင်းစုံ ကျောင်းသားလေးများ၏ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စာအုပ်စာစောင်ပြပွဲပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မောင်တော ခရိုင်ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များအား လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဆင်း ပွဲပြုလုပ်
Dec 24,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင် ရုံးမှ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ လုပ်ငန်းခွင် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို  ယမန်နေ့ နံနက် ၉ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။ 
ငရုတ်ကောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အထက)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
ဝက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်ကို တစ်ခါမျှထိုးနှံခြင်း မရှိသေးသည့် ဒေသခံပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ ထိုးနှံခြင်း မရှိသေးသည့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဝင်းလဲ့ရွှေရည် ဇတ်ရုံအတွင်း စုရပ်နှစ်ခုတွင် ထိုးနှံပေးကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Dec 24,2021
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမရှိ သီတာခန်းမအတွင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများ ခင်းကျင်းပြသ
Dec 24,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်ပိုစတာကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ မြေစိုက်နံရံကက်ပြဘုတ်၌ ခင်းကျင်း ပြသခဲ့သည်။
စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပသတင်းပေးပို့ခြင်း
Dec 23,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Commuinty Center) ခန်းမ၌ ယနေ့ နံနက်(၁၀ ၀၀)နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အကြမ်း ဖက်ခံနေရတဲ့ ဘဝက လွတ်မြောက်အောင် ရုန်းထွက်နိုင်ရေး၊ အကြမ်းဖက်ခံရတဲ့သူကိုယ်တိုင် လိုအပ်လာလျှင် ဆက်သွယ်ဆောင်ရွက် ရမည့် ဌာနများ သိရှိစေရန် ရည်ရွယ်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။