မြောင်းမြခရိုင် Community Center တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (Talk Show) ကျင်းပ

မြောင်းမြ   ဒီဇင်ဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  (Talk Show) ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ (Talk Show)ဆွေးနွေးပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူးဒေါ်စန္ဒာထွန်းက  လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိရန် နိုင်ငံခေါင်းဆောင်များ ကြိုးပမ်းခဲ့ကြပုံများနှင့် လွတ်လပ်ရေးရရန် အဆင့်ဆင့်တိုက်ယူခဲ့ကြပုံများကို မေးမြန်းခဲ့ပြီး မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျင်စိုး (မောင်လှိုင်းသစ်- ချစ်စရာမြေ)နှင့် အမှတ်(၁၃) မူလတန်းကျောင်း၊ ဘုရားချောင်းရပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်တို့က မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြည်ထောင်စုတိုင်းရင်းသားများ သွေးစည်းညီညွတ်မှုဖြင့် တိုင်းတစ်ပါးလက်အောက်က အဆင့်ဆင့်တိုက်ယူပြီး ရရှိခဲ့သည့် လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းသင့်ပုံများကို အပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်။

Talk Show ဆွေးနွေးမှုများအား မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးထားပြီး ထိုသို့ တင်ဆက်ပေး ထားခြင်းဖြင့်အများပြည်သူများ ဗဟုသုတကြွယ်ဝပြီး သမိုင်းအကြောင်းအရာများကို သိရှိနိုင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းမှ ဖော်ဆောင်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

 ခင်ရူပါအေး

မြောင်းမြခရိုင်၊ ပြန်/ဆက်