သတင်းများ

မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ် ငွေလုံငွေရင်း လုပ်ငန်းဖြစ် သော “ကံ့ကော်လမ်း” ကွန်ကရစ်ခင်းကျင်း ဆောင်ရွက်ပြီး
Dec 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြစ်သာ အမှတ်(၂) မန်လုံရပ်ကွက်၌ “ကံ့ကော်လမ်း” ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ (၁၂)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် အကျုံးဝင် လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်
Dec 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် များအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး အကြိမ်ရေအားဖြင့် ပဥ္စမအသုတ် (Phase-5) သို့ ရောက်ရှိ ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုအနေဖြင့် ယမန်နေ့အထိ မြို့နယ်အတွင်း ဆေးထိုးရန် အကျုံးဝင်လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ဆက်လက်ထိုးနှံပေး
Dec 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Second Dose ကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဆိုင်ကလုန်းရှက်တာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။
ပန်းတောင်းမြို့နယ် ရေပေးရေး၊ မီးလင်းရေး ကုန်ထုတ်တံတားလုပ်ငန်း ကော်မတီဝင်များအား မိတ်ဆက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အခမ်းအနားကျင်းပ
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (ပ) ၆လ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရေပေးရေး၊ မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်းတံတား လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် TPIC အဖွဲ့များထံ တင်ဒါရကုမ္ပဏီများ၊ ကျေးရွာ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းတံတား ကော်မတီဝင်များအား မိတ်ဆက် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ယမန်နေ့ နံနက်(၁၀:၃၀)အချိန်၌ ပန်တောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ပင်းတယမြို့၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွင်း လမ်းများကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းချဲ့ထွင်ခြင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Dec 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ရန် လျာထား သည့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအားကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာသစ်စီမံကိန်းဖြင့် မယ်ဇလီအိုင့်ကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီး
Dec 28,2021
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းအရ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိရာ ယနေ့ အချိန်တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 28,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။