မိုင်းယန်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူ များနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ သုတ/ရသ စာအုပ်စာစောင် မိတ်ဆက် ခြင်း၊ အရုပ်ခေါက်ပြခြင်း အစီအစဉ်များ၊ အသိပညာပေး Talk Show အစီအစဉ်များအား ရိုက်ကူးပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပန်ကြားချက်များကိုလည်း ဒေသခံတိုင်းရင်းသား ပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထွန်းထွန်းထူး