သတင်းများ

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို (Talk Show) ဆွေးနွေးပွဲပြုလုပ်
Dec 28,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။
မြန်အောင်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်ကာလ ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မကွေး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီးအတွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေဆရာ ညီညီနိုင်၏ အုပ်ချုပ်ရေး နီတိများနှင့် ခေါင်းဆောင်မှုသဘောတရား စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။
သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေ‌ပေးဝေနိုင်သည့် အကျိုးပြုဧရိယာအားလုံး ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင် သွားမည်
Dec 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၊ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေနိုင်သည့် အကျိုးပြုဧရိယာအားလုံးကို ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင်သွား မည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက အဆိုပါ မြစ်ရေတင်ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများတွေ့ဆုံပွဲမှ သိရသည်။
တောင်တွင်းကြီးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစား ပြိုင်ပွဲများကျင်းပ
Dec 28,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊မြို့မအခြေခံပညာ အလယ်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေး (Talk Show) ပြုလုပ်
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။