မိုင်းငေါ့ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြစ်သာ အမှတ်(၂) မန်လုံရပ်ကွက်၌ “ကံ့ကော်လမ်း” ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ (၁၂)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မန်လုံရပ်ကွက်ရှိ ကံ့ကော်လမ်းမှာ လမ်းအရှည် (၃၂၀)ပေ၊ လမ်းအကျယ် (၁၂ ပေ ၆ လက်မ)ထုရှိ ကွန်ကရစ်လမ်းဖြစ်ပြီး ကုန်ကျငွေတန်ဖိုးကျပ် (၉.၉)သန်း ကုန်ကျခဲ့ကြောင်းနှင့် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် အဆိုပါ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မိုင်းငေါ့ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ (ဒုတိယဦးစီးမှူး) မြို့နယ်ခွဲတာဝန်ခံ ဦးအောင်ချမ်းငြိမ်း၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(ပြန်/ဆက်)