သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူလူငယ်များ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါ ဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွန်ဟောက်(တောင်နှင့်မြောက်) ကျေးရွာများရှိ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။