မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

မြို့သစ်       ဇန်နဝါရီ     ၂

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့်  သတင်းစကား လက်ကမ်းစာစောင်များကို   ယနေ့ နံနက်ပိုင်းက  လူစည်ကားရာ နေရာများဖြစ်သည့်   စည်ပင်သာ ယာစျေး၊  ကားဂိတ်၊ မြင်းလှည်းဂိတ်၊ စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် လမ်းသွား လမ်းလာ ပြည်သူများထံ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ် များ၊  ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊  ကမ္ဘာတည်သရွေ့စောင့်ရှောက်၊  တို့များဆင်မြန်း  လွတ်လပ်ပန်းကဗျာ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက်ဆောင် ပုဒ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)