မိုင်းတုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မအားကစားကွင်းတွင် ( ၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၂၅)နှစ်အောက် (ဖူဆယ်)ဘောလုံးပြိုင်ပွဲနှင့် ခြင်းလုံးခတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။အဆိုပါဖွင့်လှစ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားအားလုံးသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စိတ်ထားမြင့်မြတ်စွာဖြင့် ကစားကြရန်၊ အားကစားအဓိဌာန်သည် အားကစားလူငယ်များအတွက် စိတ်ဓာတ် ခွန်အားဖြင့် တစ်သင်းနှင့်တစ်သင်း ညစ်ညမ်းမှုမပါဘဲ ပြေလည်အောင် ကစားနိုင်ရန်အတွက် သစ္စာပြုပြီးမှ ကစားခြင်းဖြစ်သည်ကို စိတ်ထဲမှာစွဲမြဲစွာ မှတ်သားထားပြီး အနိုင်အရှုံး သဘောမထားဘဲ အားကစားစိတ်ဓာတ်အပြည့်နဲ့ ကစားသွားကြရန်၊ ဘောလုံးပွဲပြီးလျှင်လည်း လွတ်လပ် ရေးနေ့မှာ မီတာ(၅၀၀)/မီတာ(၁၀၀၀)အပြေးပြိုင်ပွဲများ၊ အာလူးကောက်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲများ ဆက်လက်ကျင်းပပေးသွားမှာဖြစ်သည့်အတွက် မည်သူမဆို လာရောက်စာရင်းပေးသွင်းပြီး ပြိုင်ပွဲဝင်ရောက်နိုင်ကြောင်း ကြေညာပေးပါကြောင်း ပြောကြားပြီနောက် ( ၇၄ ) နှစ် မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၂၅)နှစ်အောက်(ဖူဆယ်)ဘောလုံးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှ ဘောလုံးကိုစတင် ပြီးကွင်းထဲရှိ ဘောလုံးကစားသမား များထံသို့ပို ့ပေးခဲ့သည်။ ဆုရရှိသောအသင်းများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျန်ပြိုင်ပွဲများ ပြုလုပ်ရင်း ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)
၀၉၄၅၈၀၃၂၈၇၅