ဒေးဒရဲမြို့၌ (၇၄) နှစ်​​​​မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်​ရေးနေ့ အထိမ်းအမှတ် အကြိုကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်းဦးစီးမှူး ဒေါ်အေးမြမွန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတိုးပွားလာစေရန်၊ စာကြည့်တိုက်သို့ လာရောက် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဖြတ်ထိုးဉာဏ်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ သောင်းကိုကို ရေးစပ်သီကုံးသည့် မြန်မာ့လွတ်လပ်ရေး ကဗျာအား အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉပြိုင်ခဲ့ပြီးနောက် ခါးလှည့်၊  ပူးပေါင်းမှုတ်၊ ဂိမ်းကစားပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)