မင်းလှမြို့နယ်တွင်(၇၄)နှစ်‌မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကျင်းပ

အထက်မင်းလှ   ဇန်နဝါရီ   ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့ တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အားကစား ပြိုင်ပွဲများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်များပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲများမှာ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်‌ကျော်ခြင်းခတ်ပြိုင်ပွဲ့တို့ဖြစ်ပြီး ဌာနဆိုင်ရာပေါင်းစုံ ဘော်လီဘောအသင်း(၄)သင်းနှင့် ရပ်ကွက်အသီးသီးမှ ခြင်းခတ်အသင်း ၁၁သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဆုရရှိသည့်အသင်းများအား  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)