မန်ကန် ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ၊ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ယနေ့ကျောင်းသားကျောင်းသူများနှင့် ဒေသခံ ပြည်သူများ လွတ်လပ်ရေးအား မြန်နိုးလေးစားတန်ဖိုးထားတက်စေရန် ရည်ရွယ် ၍ လွတ်လပ်ရေးနှင့်ပတ်သက်သည့် ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများစသည့် လွတ်လပ်ရေး အကြောင်းသိကောင်းစရာများကို ကျောင်းသားများဒေသခံပြည်သူများ စိတ်ပါဝင်စားမှုရှိစေရန် စာစောင်များပြုလုပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန်ကန်မြို့ရုံးမှ အစောင်ရေ (၃၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန်ကန်(ပြန်/ဆက်)