သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Dec 31,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးအားကစားကွင်း၌ပြုလုပ်ကျင်းပသည်။
ကသာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူများအား ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍  ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ရာ ယင်းနေ့အထိ စုစုပေါင်း လူဦးရေ(၂၂၅၄၀)ဦးကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးထိုးနှံ‌ပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
ရွှေတောင်မြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးဟောပြောပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Dec 31,2021
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူ လူထုအားပန်းခင်းစီမံချက် အသိပညာပေး ဟောပြောပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြာနီကန် ရပ်ကွက်သာသနာ့ဗိမာန်တွင်ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ကျပ် (၂၁) သိန်းကျော် ခွင့်ပြုထုတ်ပေး
Dec 31,2021
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင် ပြင်ပမတော်တဆ ထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံး ငွေရင်းနှင့် နာရေးစရိတ် ငွေကျပ်စုစုပေါင်းငွေကျပ် (၂၁) သိန်းကျော် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် Dong Long အထည်ချုပ်စက်ရုံ၌ ပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း(၁)တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်‎ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လာရောက်ထိုးနှံကြကြောင်း သိရသည်။