ပန်းတောင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းသေကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစား ပြိုင်ပွဲများကို အားကစားခန်းမ၌ ယနေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် အသင်း ၁၄ သင်း ပိုက်ကျော်ခြင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထား တတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အားကစား စိတ်ဓာတ်ကိုအရင်းခံ၍ အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှုသည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ စိတ်ဓာတ်ရှိမှု၊ စည်းကမ်းလိုက်နာမှု၊ ယဥ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများဖြစ်သော အရည်အသွေး ကောင်းများ ရရှိလာစေရန်နှင့် လွတ်လပ်ရေးနေ့ အနှစ်သာရဖြစ်သော ပျော်ရွှင်မှုကို ခံစားရရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး